top of page
selective-focus-photo-of-father-carrying

မေတ္တာနိုင်ငံတော်

ချစ်ခြင်းမေတ္တာ

လူသားများသည် ချစ်ခြင်းမေတ္တာအတွက် ဖန်ဆင်းခံရခြင်းဖြစ်သည်။ မှန်ကန်စစ်မှန်သော ချစ်ခြင်းမေတ္တာ ဟူသည်မှာ မိခင်နှင့်ဖခင်တို့မှ သူတို့၏  မွေးကင်းစ ကလေးငယ်
အပေါ်ထားရှိသော ချစ်ခြင်းမေတ္တာမျိုး ဖြစ်သည်။ ဥပမာ- ဖက်လဲတကင်းချစ်ခြင်း၊ နှုတ်ဖြင့်ဖော်ပြသော ချစ်ခြင်း၊ သင်ဟာအချစ်ခံရသူ
ဖြစ်ကြောင်း မျက်လုံးဖြင့်ဖော်ပြတတ်သော မျက်နှာထားတို့ကို ဆိုလိုသည်။

ချစ်ခြင်းမေတ္တာပေးကမ်းရန်နှင့် လက်ခံရန်သည် ကျွန်ုပ်တို့ဖန်ဆင်းခံရချိန်တွင် ရရှိထားသော စွမ်းရည်များထဲမှ အကောင်းဆုံးစွမ်းရည်ဖြစ်သည်။
သို့သော်ငြားလည်း အဘယ့်ကြောင့် ကမ္ဘာပေါ်တွင် ချစ်ခြင်းမေတ္တာ ကင်းမဲ့နေရပါသနည်း။ ကလေးငယ်များစွာသည် အချစ်ခံရန်မထိုက်တန်၊ တန်ဖိုးမရှိဟူသော
ခံစားချက်ဖြင့် အဘယ်ကြောင့် ကြီးပြင်းလာကြရပါသနည်း။ လမ်းပေါ်တွင်လည်းကောင်း၊ လုပ်ငန်းခွင်တွင်လည်းကောင်း၊ ထို့အပြင် များစွာသော
အိမ်ထောင်မိသားစုများတွင်လည်းကောင်း မေတ္တာကင်းမဲ့သော နှလုံးသားများ၊ မျက်နှာများနှင့် အဘယ်ကြောင့် ပြည့်နေရပါသနည်း။

သင်ရော? သင့်နေ့စဥ်အသက်တာတွင် စစ်မှန်သော အချစ်ကို ရပြီလား။ သင့်ကလေးဘဝ သို့မဟုတ် ဆယ်ကျော်သက်အရွယ်တစ်လျှောက်တွင် သင့်မိဘများမှ
သင့်ကိုပွေ့ဖက်ပြီး ချစ်ခြင်းမေတ္တာပြသခြင်း၊ ပြောပြခြင်းကို ခံစားခဲ့ဖူးပါသလား။ ထိုကဲ့သို့ မခံစားခဲ့ဖူးကြသော လူများစွာရှိသည်မှာမူ စိတ်မကောင်းစရာဖြစ်လေသည်။
ကျွန်ုပ်တို့ပိုင်ဆိုင်သော နှလုံးသားများ၌ ချစ်ခြင်းမေတ္တာနည်းပါးနေလျှင် အခြားသူများအား ချစ်နိုင်ဖို့ရန် ခက်ခဲပါလိမ့်မည်။

Love 2.jpg

ဝမ်းမြောက်ခြင်း

လူသားတိုင်း ဘဝတွင် ဝမ်းမြောက်ခြင်းလိုချင်ကြသည်မှာ မထူးဆန်းပေ။ ကျွန်ုပ်တို့သည်လည်း ဝမ်းမြောက်ဖို့ရန်အတွက် ဖန်ဆင်းခံရခြင်းပင်ဖြစ်သည်။     သို့သော်လည်း နေရာတိုင်းတွင် ဝမ်းမြောက်မှု ရှားပါးလျက် ရှိနေသေးသည်။ ပျော်ရွှင်ဖို့ရန်အတွက် ငွေများ၊ အင်အားများ ကျွန်ုပ်တို့ မည်မျှ အသုံးပြုခဲ့ရသလဲဆိုတာ တွေးကြည့်ဖူးပါသလား။ ကလေးငယ်များသည် အတွင်းစိတ်သာမက အပြင်ပိုင်းမှာပင်လျှင် သဘာဝကျကျ ပျော်ရွှင်တတ်ကြပါလျက် ကြီးပြင်းလာကြသည့်အခါ ယင်းရိုးသား ဖြူစင်သော ဝမ်း‌မြောက်မှုများ အဘယ်ကြောင့် ဆုံးရှုံးကြရပါသနည်း။  သင့်ဘဝ၌ အကောင်းဆုံး ဝမ်းမြောက်မှုကို မည်သည့်အရာက ပေးစွမ်းပါသနည်း။ သင့်ဝမ်းမြောက်မှုကို မည်သည့်အရာက လုယူပါသနည်း။ ကျွန်ုပ်တို့အားလုံးသည် စစ်မှန်သော ၀မ်းမြောက်မှုကို အမှန်တကယ် ရရှိချင်ကြသည့်အတွက် ထိုမေးခွန်းများကို စဥ်းစားသင့်ပါသည်။  ဝမ်းမြောက်မှုကင်းမဲ့ရခြင်း၏ ယေဘုယျအကြောင်းရင်းမှာ ကျိုးပြတ်သွားသော ပတ်သက်မှု၊ ကွာရှင်းမှု၊ အကြမ်းဖက်မှု၊ လျစ်လျူရှုခံရမှုနှင့် အထီးကျန်ခြင်းတို့ကြောင့် ဖြစ်နိုင်ပါသည်။ ထို့အပြင် မိဘများကသူတို့အား မချစ်ဘူးဟု ခံစားနေရသော သားသမီးများနှင့် သားသမီးများက သူတို့အားဂရုမစိုက်ဟု ခံစားနေရသော မိဘများတို့သည်လည်း ဝမ်းမြောက်ခြင်းပျောက်ဆုံးနေတတ်ကြသည်။ အရက်သေစာသောက်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ အလုပ်အလွန်အကျွံလုပ်ခြင်းနှင့် ဖျော်ဖြေရေးများကို ဝမ်းမြောက်မှုအတွက် အစားထိုးလာကြသော်လည်း စစ်မှန်သော ပျော်ရွှင်ဝမ်းမြောက်ခြင်းအား အစားထိုးရန်အတွက်မူ မဖြစ်နိုင်ပေ။

Joy.jpg
Joy.jpg

ငြိမ်းချမ်းရေး

ငြိမ်းချမ်းရေးသည်ကွဲပြားခြားနားသောအရာများဖြစ်နိုင်သည်။ နိုင်ငံအတွင်းငြိမ်းချမ်းရေး ဆိုသည်မှာ စစ်ပွဲမရှိခြင်းကို ဆိုလိုသည်။ အိမ်တွင်းငြိမ်းချမ်းရေးဆိုသည်မှာ ကျွန်ပ်တို့တွင် ပဋိပက္ခများ မဖြစ်ခြင်းကို ဆိုလိုသည်။ စိတ်နှလုံးအတွင်းနှင့်သက်ဆိုင်သော ငြိမ်းချမ်းရေးဟူသည့် အခေါ်အဝေါ်တစ်ခုရှိသည်။ သင်သည် ငြိမ်းချမ်းနေသော တိုင်းပြည်တွင် နေနေပါသော်လည်း အတွင်းစိတ်နှလုံး ငြိမ်းချမ်းခြင်းမရှိဘဲ ဖြစ်နိုင်သည်။ သို့မဟုတ် ဘဝမုန်တိုင်းများစွာအလယ်တွင် သင်သည် စိတ်နှလုံး ငြိမ်းချမ်းခြင်းရှိသောသူ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ချစ်ခြင်းမေတ္တာ၊ ဝမ်းမြောက်မှုနှင့်အတူ ငြိမ်းချမ်းရေးသည်လည်း ကျွန်ုပ်တို့အလိုအပ်ဆုံးအရာများထဲက တစ်ခုဖြစ်ပါသည်။ ဗုံးများ၊ တိုက်လေယာဉ်များ၊ အသေအကြေ တိုက်ခိုက်မှုများနှင့် ပြည့်နေသောနေရာတွင် မည်သူမျှမနေချင်ပေ။ ကျွန်ုပ်တို့ဖန်ဆင်းခံရခြင်းသည် စစ်ပွဲများအတွက်မဟုတ်ပဲ ငြိမ်းချမ်းရေးအတွက်ဖြစ်သည်။ မြင်နေရတဲ့ကမ္ဘာကြီးအတွက်သာမက ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိ လူများနှင့်လည်း ကျွန်ုပ်တို့သည် ငြိမ်းချမ်းရေးလိုလားသည် မဟုတ်ပါလား။ သင်ရော စိတ်နှလုံးအတွင်း ငြိမ်သက်ခြင်းရှိပါသလား။ မည်သည့်အရာက သင့်ကို ငြိမ်းချမ်းစေပြီး မည်သည့်အရာက မငြိမ်းချမ်းအောင် တားဆီးနေပါသနည်း။ သင်သည် ငြိမ်းချမ်းရေးပြုလုပ်သောသူဖြစ်ပါသလား။ သင့်ပတ်ဝန်းကျင်ရှိလူများသည် သင့်အား ငြိမ်းချမ်းရေးကိုဆောင်ကြဉ်းပေးသူဟု မှတ်ယူကြပါသလား။

Peace.JPG

အမှန်တရား

အလိမ်ခံရသည်ကို မည်သူကြိုက်ပါသနည်း။ လှည့်စားခံရခြင်းကို မည်သူပျော်မွေ့ပါသနည်း။ ဘယ်သူကမှ မကြိုက်နှစ်သက်ပါဘူး။ ကျွန်ုပ်တို့သည် သတင်းထိမ်ချန်မှုမျိုး ကို မကြိုက်နှစ်သက်ကြပါ။ ကျွန်ုပ်တို့သည် အမှန်တရားကို သိလိုသော အာသီသစိတ် ပြင်းထန်ကြသည်။ မတော်တဆမှုများဖြစ်ပွားခဲ့လျှင် ဘာကြောင့် ဘယ်လိုဖြစ်ပျက်ခဲ့ကြောင်း ဆွေးမျိုးများက သိချင်ကြသည်။ ခန့်မှန်းချက်မကောင်းရင်တောင်မှ လူနာများက ဆရာဝန်ကို အမှန်အတိုင်းပြောစေချင်ကြသည်။

ကျွန်ုပ်တို့သည်လည်း အမှန်တရားနှင့် ရိုးဖြောင့်မှုအတွက် ဖန်ဆင်းခံရခြင်းဖြစ်သည်။ ဘာကြောင့်များ ကျွန်ုပ်တို့ ပတ်ဝန်းကျင်တွင် မမှန်မကန် လှည့်စားမှုများ များပြားနေရပါသနည်း။ လိမ်ပြောခြင်းသည် ထိမိရုံနှင့်လဲသောအမှု မဟုတ်သော်လည်း အမှန် (သို့) အမှား ပြောရန် တမင်ရွေးချယ်ရခြင်းဖြစ်သည်။ လူတိုင်းတွင် အမှန်၊ အမှား အား ပိုင်းခြားသိမြင်နိုင်စွမ်း ရှိသည်။ အမှန်တရားသည် ကျွန်ုပ်တို့အား သက်သာရာ ရစေပြီး ကျွန်ုပ်တို့၏ အတွင်းစိတ်ကို လွတ်မြောက်စေသည်။ အပြည့်ဝမမှန်ကန်မှု သို့မဟုတ် အမှန်တရားထိမ်ချန်ထားခြင်းက ကျွန်ုပ်တို့ကို သက်တောင့်သက်သာမဖြစ်တဲ့ ခံစားချက်မျိုး ဖြစ်စေသည်။ သင့်အား မည်သည့်အခါမှ မလိမ်မည့်သူသည် မည်မျှ တန်ဖိုးရှိလိုက်ပါဘိသနည်း။ သင်ရော ထိုကဲ့သို့သော သူဖြစ်ပါသလား။

Truth.JPG

လွတ်လပ်မှု

လူတွေဟာ လွတ်လပ်ဖို့အတွက် ဖန်ဆင်းခံရခြင်းလည်းဖြစ်သည်။ ဤအရာကို နိုင်ငံအများစု လက်မှတ်ရေးထိုးထားသည့် ကုလသမဂ္ဂ၏ လူ့အခွင့်အရေးကြေငြာချက်တွင်လည်းဖော်ပြထားသည်။ သို့သော်လည်း လွတ်လပ်မှုကို မခံစားရသည့်လူများစွာရှိနေသေးသည်။ အချို့သော အစိုးရများသည် လူများ၏ ပြောဆိုခြင်း၊ ရေးသားခြင်းနှင့် ဖတ်ရှုခြင်းများ အပေါ် ကန့်သတ်ချက်များထားကြသည်။ လူများ၏ သွားလာလှုပ်ရှားခြင်း၊ ယုံကြည်ချက်များ ကိုပင် ကန့်သတ်ထားကြသည်။ စစ်မှန်သော ဒီမိုကရေစီနိုင်ငံများတွင်ပင်လျှင် လွတ်လပ်မှုကို ခွင့်မပြုကြပေ။ သင်၏လွတ်လပ်မှုတွင် မိသားစု ၀ င်များ၊ သူငယ်ချင်းများ (သို့) လူမှုရေးဆိုင်ရာစည်းမျဉ်းများက သင်၏ခံယူချက်ကို ဆန့်ကျင်ပြီး တွေးခေါ်ပြုမူရန် ဖိအားမပေးဖို့လည်းပါဝင်သည်။ လူဘယ်နှယောက်က သူတို့ အမှန်တကယ်လွတ်လပ်တယ်လို့ ထင်မြင်ခံစားရလဲ ဆိုတာ စိတ်ဝင်စားစရာပါပဲ။ လွတ်လပ်မှုကိုနောက်ထပ်ခြိမ်းခြောက်သည့်အရာမှာ ကြောက်ရွံ့မှု (သို့) အပြစ်ရှိသည်ဟုခံစားရသော အတွင်းစိတ်အနှောင်အဖွဲ့ဖြစ်သည်။

သင်ရော ဘယ်လိုလွတ်လပ်ပါသလဲ။ ဘယ်အရာက သင့်လွတ်လပ်မှုကို ကန့်သတ်ထားပါသလဲ။

Freedom.JPG

သစ္စာတရား

သားသမီးဘယ်နှယောက်က သူတို့မိဘတွေကွာရှင်းတာကို မြင်ချင်ကြပါသနည်း။ အများကြီးမဟုတ်ပါဘူး။ သားသမီးတွေက သူတို့ မိခင်နှင့်ဖခင် ရင်းနှီးချစ်ခင်ခြင်း၊ တစ်ဉီးနှင့်တစ်ဦး အငြင်းခုံမရှိခြင်း၊ တစ်ဉီးအပေါ်တစ်ဉီးကြင်နာစွာ ဆက်ဆံခြင်းနှင့် ဘဝတစ်လျှောက်လုံးသစ္စာရှိခြင်းတွေကို လိုချင်တောင့်တကြပါသည်။ ၂နှစ်ကြာတာဝန်ထမ်းဆောင်ပါ့မယ်လို့ ပြောပြီး တစ်လအကြာမှာ အလုပ်ထွက်သွားတဲ့ ဝန်ထမ်းတစ်ဉီးကို မည်သည့်လုပ်ဖော်ကိုင်ဖက်များက ချီးကျူးဂုဏ်ပြုပါမည်နည်း။ များစွာမဟုတ်ပါ။ သစ္စာတရားကသာ ကျွန်ုပ်တို့ကို အံဝင်ခွင်ကျဖြစ်စေပြီး သစ္စာတရားမရှိသူသည် လောကကြီးတွင် နေရာမရနိုင်ပါ။

သစ္စာရှိဖို့ ခက်ခဲပါသလား။ ဖြစ်နိုင်ပါသည်။ ဒါပေမဲ့ စစ်မှန်တဲ့ သစ္စာတရားက သူ့ရဲ့ အင်အားကို စိမ်ခေါ်ဖွယ်ရာအချိန်မှာ သက်သေပြသည်။  ရပ်တန့်လိုက်ဖို့ ကျွန်ုပ်တို့ပြောတဲ့ အချိန်မှာ ထူးခြားတဲ့ အခြေအနေတွေ ဖြစ်လာတတ်ပေမဲ့ သစ္စာရှိခြင်းကတော့ ကျွန်ုပ်တို့ကို ကောင်းစွာဖြစ်တည်စေတဲ့ ဘဝပုံစံရဲ့ ‌ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ သစ္စာမရှိတဲ့ လူတွေကြောင့် လူတွေရဲ့ စိတ်နှလုံး မည်မျှနာကျင်နေကြလဲ ဆိုတာကိုပဲ ပုံဖော်ကြည့်ကြပါစို့။  သင်လည်းဖြစ်နိုင်ပါတယ်။

Faithfulness.jpg

ခွင့်လွှတ်ခြင်း

လူတွေ ခွင့်လွှတ်ခြင်းလိုအပ်ပါသလား။ အချို့က မလိုအပ်ဘူးလို့ပြောပါတယ်။ ခွင့်လွှတ်ခြင်း ဘယ်တော့မှမလိုအပ်ဘူးတော့ စဉ်းစားခြင်းက တကယ်တော ကျွန်ုပ်တို့ဟာ ကမ္ဘာကြီးရဲ့ ကြီးမားတဲ့ ပြသနာဖြစ်တဲ့ မပြည့်စုံခြင်းပြသနာရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေကြောင်း သတိမပြုမိလို့ဖြစ်တယ်။ ကျွန်ုပ်တို့အများစုက လူမသတ်ပါဘူး။ ခိုးလည်းမခိုးကြပါဘူး။ ကျွန်ုပ်တို့ အဆင်ပြေနေတယ် အနည်းဆုံးတော့ ဆိုးသွမ်းစာရင်းထဲမပါဘူးလို့ ထင်တတ်ကြတယ်။ ဒါပေမဲ့ ခွင့်လွှတ်ခံရဖို့ နှင့် ခွင့်လွှတ်ပေးဖို့ တောင်းခံမှု လိုအပ်ကြောင်း အသိမရှိပဲ ဘဝတစ်ခုလုံး နေထိုင်သွားဖို့က ခက်ခဲပါတယ်။ တစ်စုံတစ်ယောက်က ကျွန်ုပ်တို့ကို နာကျင်စေတဲ့အခါ သူတို့ရဲ့ အမှားအတွက် လာဝန်ခံပြီး ခွင့်လွှတ်ဖို့ လာတောင်းပန်ရင် ကျွန်မတို့ ကျေနပ်ချီးကျူးကြတယ်။ဘယ်သူကမှ အမှားတွေအတွက် ဝန်မခံဘူးဆိုရင် ကမ္ဘာကြီးက ဘယ်လိုဖြစ်နေမလဲ။ ဘယ်တော့မှ မတောင်းပန်ဘူး။ ဘယ်တော့မှ ခွင့်လွှတ်ပေးဖို့ မတောင်းခံဘူးဆိုရင် ကျွန်ုပ်တို့ အသက်ရှင်နိုင်ကြပါ့မလား။ သင်ရော အမှားတွေဝန်ခံပြီး ခွင့်လွှတ်မှုတောင်းပန်နိုင်သလား။ ပြီးတော့ သင့်ထံမှ ခွင့်လွှတ်မှုတောင်းခံသူကို ခွင့်လွှတ်နိုင်ပြီလား။

Forgiveness.jpg

ယေရှု

ဤ မေတ္တာနိုင်ငံတော်၏ နိုင်ငံကူးလက်မှတ် စာအုပ်ငယ်‌လေး၏ ကျန်သောအရာများသည် လူ့သမိုင်းတွင် နာမည်ကျော်ကြားခဲ့ကြသူတို့များထဲမှ သခင်ယေရှုအကြောင်းကို ပြောပြသွားမှာဖြစ်ပါသည်။ သင့်အနေဖြင့်အကြောင်းအမျိုးမျိုးကြောင့် သူ့အကြောင်း မဖတ်ရဲဘူး သို့ မဖတ်ချင်ဘူးဆိုရင် ဤနေရာတွင် ရပ်တန့်လို့ရပါသည်။ အကယ်၍ သင့်မှာ လုံလောက်တဲ့ သတ္တိနှင့် စိတ်ဝင်စားမှုရှိပါက အထက်မှာပြောထားတဲ့ အကြောင်းအရာ ၇ချက်နှင့် နောက်ထပ် အကြောင်းအရာများကို ခရစ်ယာန်ယုံကြည်ခြင်းရဲ့ အခြေခံဖြစ်တဲ့ သမ္မာကျမ်းစာက ဘယ်လိုပြောထားလဲဆိုတာ ဆက်လက်ဖတ်ရှုပေးပါ။  

 

ပြဇာတ်ဆန်ပေမဲ ပထမအချက်အနေနှင့် ဖော်ပြချင်တာက ခရစ်ယာန်ဘာသာရဲ့ သွန်သင်ချက်က သင်ဟာ ယေရှုနဲ့တူဖို့ ဖန်ဆင်းခံရခြင်းဖြစ်တယ်။ သမိုင်းရဲ့ ရှေးဉီးအစမှာတည်းက သင့်ကို သူ့ရဲ့ ပုံသဏ္ဍာန်အတိုင်း ပုံဖော်ခဲ့ခြင်းဖြစ်သည်။ ဤအရာကို သမ္မာကျမ်းထဲမှာ “နှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော်မူခြင်းနှင့် ကင်း လွတ်လျက်ဖြစ်သော အရာတစုံတခုမျှမရှိ။” (ယောဟန် ၁း၃) လို့ဖော်ပြထားတယ်။

 

ဒါကြောင့် သင့်ရဲ့လူသားဖြစ်ခြင်းသည် သခင်ယေရှုနှင့်သာမက ဝိညာဉ်တော်နှင့် နှုတ်ကပတ်တော်အားဖြင့် အရာအားလုံးကို ဖန်ဆင်းတော်မူသော ခမည်းတော် ဘုရားသခင်နှင့်ပါ ရှင်းလင်းစွာ ဆက်နွယ်မှုရှိကြောင်း သခင်ယေရှုနဲ့သူ့ တပည့်တော်များရဲ့ သွန်သင်ချက်က ဖော်ပြနေပါသည်။   

Jesus.jpg

သူ၏ပုံသဏ္ဍာန်နှင့်အညီ

“တဖန်ဘုရားသခင်က ငါတို့ပုံသဏ္ဍာန်နှင့်အညီ တသဏ္ဍန်တည်း လူကို ဖန်ဆင်းကြစို့။ ထိုသို့ဘုရားသခင်သည် မိမိပုံသဏ္ဍန်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။ ဘုရားသခင်၏ ပုံသဏ္ဍာန် တော်နှင့်အညီ လူယောက်ျား၊ လူမိန်းမကိုဖန်ဆင်းပြီးလျှင်…” (ကမ္ဘာဦးကျမ်း ၁း၂၆-၂၇)

ဘုရားသခင်က ဖန်ဆင်းရှင်မဖြစ်ခင်တုန်းက ဖခင်ဖြစ်ခဲ့ပါတယ်။ ခရစ်ယာန်များအနေနဲ့ နှုတ်ကပတ်တော်ဖြစ်တဲ့ ယေရှုဘုရားဟာ ခမည်းတော်ဘုရားနှင့် ဝိညာဉ်တော်ဘုရားကဲ့သို့ပင် အစဉီးကတည်းက တည်ရှိတယ်လို့ ယုံကြည်ကြပါတယ်။ ဘုရားသခင်က မိသားစုဖြစ်ဖို့ မိသားစုတွေမွေးထုတ်ဖို့ လူသားကို သူ့ပုံသဏ္ဍာန်နှင့် အညီဖန်ဆင်းခဲ့တယ်။ သူဖန်ဆင်းခဲ့တဲ့ လူသားအတွက် ဘုရားသခင်ရဲ့ ပထမဆုံး ညွှန်ကြားချက်က ပွားများဖို့ဖြစ်တယ်။ ဘုရားသခင်ရဲ့ အကြံအစည်က သူ့ရဲ့ ဖခင်ဖြစ်ခြင်းကို ဤကမ္ဘာပေါ်က ဖခင် မိခင်တို့မှတစ်ဆင့် ဖြန့်ဝေဖို့ဖြစ်တယ်။ မိခင် ဖခင်ရဲ့ ကြွယ်ဝစွာ ဖော်ပြတဲ့ မေတ္တာမှတစ်ဆင့် ကလေးတိုင်းဟာ ဘုရားသခင်ရဲ့ ကောင်းကင်နိုင်ငံတော်မှာ အမြဲဖြစ်နေမယ့် ချိုသာ၊ လုံခြုံပြီး ဝမ်းမြောက်ဖွယ်ရာ ပတ်ဝန်းကျင်မျိုးထဲမှာ ဘုရားသခင်ကို သိပြီး ကြီးပြင်းသင့်ပါတယ်။ ကျွန်ုပ်တို့ဟာ ဤစာအုပ်ရဲ့ အစမှာ ပြောထားသလိုပဲ ချစ်ခြင်းမေတ္တာ၊ ဝမ်းမြောက်မှုနဲ့ ငြိမ်းချမ်းရေးအတွက် ဖန်ဆင်းခံကြရခြင်းဖြစ်တယ်။

In His Image.jpg

ချစ်မေတ္တာကင်းမဲ့ခြင်း

သမ္မာကျမ်းစာက ဘုရားသခင်ကို ကျွန်ုပ်တို့၏ဖခင်အဖြစ်ဖော်ပြထားသည်။ ဘုရားသခင်က အမျိုးသားနှင့် အမျိုးသမီး ၂ဉီးလုံးကို သူ၏ပုံသဏ္ဍာန်အတိုင်း ဖန်ဆင်းခဲ့သည်။ အာဒမ်နှင့် ဧဝတွင် တူညီတဲ့တန်ဖိုးရှိရုံသာမက ဘုရား၏ချစ်ခြင်းမေတ္တာကို လက်ခံပြီး သူတို့၏ သားသမီးများဆီဖြန့်ဝေဖို့ ၂ဉီးလုံးကို တာဝန်ပေးထားသည်။ ဖခင်၏ချစ်ခြင်းနှင့် မိခင်၏ချစ်ခြင်းသည် မတူညီကွဲပြားပါသည်။ ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာကို ကလေးတိုင်းစီ အပြည့်အဝပေးနိုင်ဖို့ တိကျတဲ့ ကွဲပြားခြားနားမှုတွေရှိနေတဲ့ မိဘနှစ်ပါးဟာ တစ်ဉီးနှင့်တစ်ဉီးဖြည့်ဆည်းပေးဖို့လိုပါသည်။

မိသားစုတွေမှာ ချစ်မေတ္တာကင်းမဲ့ခြင်း၊ အထူးသဖြင့် ယဉ်ကျေးမှုဓလေ့များစွာအရ သမီးမိန်းကလေးများအပေါ် ဖခင်များ၏ ချစ်ခြင်းမေတ္တာဖော်ပြရန် ကင်းမဲ့ခြင်းက နာကျင်မှုများစွာ ဖြစ်ပေါ်စေတဲ့ အဓိက ပြဿနာဖြစ်ပါတယ်။ ဖခင်ရဲ့ ပွေ့ဖက်ခြင်းမခံဖူးတဲ့အပြင်၊ “သားကို ချစ်တယ်၊ သမီးကို ချစ်တယ်” ဆိုတဲ့စကားသံကိုပါ မကြားဖူးတဲ့ ကလေးတစ်ယောက်၊ ဆယ်ကျော်သက်တစ်ယောက်အဖြစ် ကြီးပြင်းလာရတာ ပုံမှန်သဘောဖြစ်နေသည့်အတွက် အဲ့ဒါက မဖြစ်သင့်ဘူးဆိုတာတောင် လူတွေသတိမထားမိကြတော့ပါဘူး။ ဒါပေမဲ့ ချစ်မေတ္တာကင်းမဲ့ခြင်းက အသေးအဖွဲတော့ မဟုတ်ပါဘူး။

Lack of love.png

တစ်မိနစ်လောက် စဉ်းစားကြည့်ကြပါစို့။ ကလေးဘဝနဲ့ ဆယ်ကျော်သက်အရွယ် တစ်ခုလုံးမှာ သူတို့လိုချင်တဲ့အတိုင်း မိခင်နဲ့ ဖခင်ရဲ့ ချစ်ခြင်းမေတ္တာအားလုံးကို ကလေးတိုင် ရခဲ့ရင် ဒီကမ္ဘာကြီး ဘယ်လိုဖြစ်လာမလဲ။ သူတို့လေးတွေ ပွေ့ဖက်ဖို့၊ ပြုံးပြဖို့နှင့် မေတ္တာစကားတွေ သူတစ်ပါးကို ပေးဖို့သာမက ကိုယ်တိုင်ခံယူဖို့ ရှက်ရွံ့မနေဘူးလို့ စိတ်ကူးကြည့်ကြပါစို့။ လမ်းတိုင်းက အပြုံးများ၊ ရယ်မောခြင်းများ၊ ပွေ့ဖက်ခြင်းများကို ပုံမှန်ကဲ့သို့ လုပ်ဆောင်တတ်သော၊ ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို ဖြန့်ဝေနေသော ထိုကဲ့သို့သော သူများနှင့် ပြည့်နေသည်ဟု ပုံဖော်ကြည့်ကြပါစို့။ ၄္င်းသည် ပရဒိသုဘုံကဲ့သို့ ပျော်ရွှင်ချမ်းမြေ့မှုအတိပြီးသော ကမ္ဘာကြီးဖြစ်မည်မှာ မလွဲပေ။ ထိုအရာသည် ဘုရားသခင် အမှန်တကယ်လိုလား ဖန်တီးခဲ့သော အစီအစဉ်ပင်ဖြစ်သည်။ ဒါပေမဲ့ ထိုကဲ့သို့ ဘာကြောင့်မဖြစ်ရသနည်း။ တစ်နေ့ မှာ ၂၄နာရီ၊ တစ်ပတ်မှာ၇ရက် အချိန်ပြည့် အချစ်ခံရဖို့နဲ့ ချစ်တတ်ဖို့ကို  ဉပဒေတစ်ရပ်အဖြစ် နိုင်ငံရေးသမားတွေအနေနဲ့ ဘာ့ကြောင့် မပြဌာန်း၊ အဆိုမပြုကြတာပါလိမ့်။ လူသားတွေ လကမ္ဘာကို ခရီးပြုနေပြီ။ ဒါပေမဲ့ ကျွန်ုပ်တို့ လူတွေရဲ့ နှလုံးသားကို ချစ်တတ်ဖို့ မပြောင်းလဲနိုင်ကြပါဘူး။ ကမ္ဘာကြီးတကယ်လိုအပ်နေတာက နှလုံးသားပြောင်းလဲဖို့ဖြစ်ပြီး ၄င်းသည် ယေရှုသယ်ဆောင်လာသည့် အရာလည်းဖြစ်သည်။သူသည်ဘုရားသခင်နှင့်ကျွန်ုပ်တို့ကို ပြန်လည်ချိတ်ဆက်ပေးနိုင်ရန်အတွက် သူ၏အသက်ကိုစွန့်ခြင်းဖြင့်

ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြသသော ထင်ရှားသော သက်သေလည်းဖြစ်သည်။

God's way to express love.jpg

ချစ်ခြင်းမေတ္တာကိုဖော်ပြရန်ဘုရားသခင်၏နည်းလမ်း

မျှော်လင့်ခြင်း

ခရစ်ယာန်ယုံကြည်ခြင်းတွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း နှင့် ချစ်ခြင်းတို့သည် အဓိက တန်ဖိုးထားသော အချက်၃ခုဖြစ်သည်။ မျှော်လင့်ခြင်းမရှိသော သူသည် သေလိမ့်မည် ဟု ပြောလေ့ရှိကြသည်။ လူများသည် သူတို့၏ဘဝတွင် မျှော်လင့်ချက်ကို လိုအပ်ပါသည်။ သို့သော် နှစ်များကုန်လွန်လာသည်နှင့်အမျှ ပိုကောင်းတဲ့ အလုပ်အတွက် မျှော်လင့်ချက်၊ ပိုကောင်းတဲ့ဘဝအခြေအနေတွက် မျှော်လင့်ချက်၊ ကျန်းမာရေးပိုကောင်းဖို့ မျှော်လင့်ချက် စသည်တို့သည် မှေးမှိန် သေးငယ်လာရပါသည်။ ဤလောကတွင် မည်သည့်မျှော်လင့်ချက်မှ မရှိတော့ဟူသော အချိန်မျိုး ကျွန်ုပ်တို့အားလုံးကြုံရပါလိမ့်မည်။ ဘဝဆိုသည်မှာ အဆုံးတစ်ခုသို့ ချဉ်းကပ်နေခြင်းမဟုတ်ပါလား။ သေခြင်းတရားနဲ့ကြုံရချိန်တွင် မျှော်လင်နိုင်သေးသူ တစ်စုံတစ်ဉီးရှိပါသလား။

ဟုတ်ကဲ့။ ရှိပါသည်။ ကားတိုင်ပေါ်တွင်ချိတ်ဆွဲခံရပြီး မျှော်လင့်ချက်မဲ့လုနီးပါး သေလုနီးပါး ဝေဒနာခံစားခဲ့ရပေမဲ့ သေခြင်းတရားနဲ့ ပျက်စီးခြင်းတန်ခိုးကို စိမ်ခေါ်ကျော်လွှားနိုင်ခဲ့သော သူတစ်ဉီး ရှိခဲ့ဖူးပါသည်။

“အသက်ရှင်ခြင်းနှင့်စပ်ဆိုင်သော မြော်လင့်ခြင်းအကြောင်း ရှိစေခြင်းငှါ၊ ဖောက်ပြန်ခြင်း၊ ညစ်စွန်းခြင်း၊ ညှိုးနွမ်းခြင်းနှင့်ကင်းစင်သောအမွေတော်ကို ငါတို့သည် ခံရစေမည်အကြောင်း၊ ယေရှုခရစ်ကို သေခြင်းမှ ထမြောက်စေတော်မူသောအားဖြင့်၊ ကြီးစွာသောကရုဏာတော်နှင့်အညီ ငါတို့ကို တဖန်ဖြစ်ဘွားစေတော် မူသော၊ ငါတို့သခင်ယေရှုခရစ်၏ ခမည်းတော် ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း။( ၁ပေ ၁း၃)” ဟု သမ္မာကျမ်းစာထဲတွင် ဖော်ပြထားပါသည်။

Hope.JPG

ရွှေထက်မြတ်သောယုံကြည်ခြင်း

တောက်ပနေသည့်အရာအားလုံး ရွှေမဟုတ်ပါ။ ရွှေသည် အလွန်အဖိုးတန်သော သတ္တုတစ်မျိုးဖြစ်သည်။ အလွန်ဆင်တူသော တုပထားသော အရာပင်ဖြစ်စေ၊ အတုသည် အတုပင်ဖြစ်သည်။ စာရင်းအင်းအရ ကမ္ဘာပေါ်တွင် ခရစ်ယာန်ဉီးရေ ၂.၅ ဘီလီယံ(၂,၅၀၀,၀၀၀,၀၀၀) ခန့်ရှိပါသည်။ ကံအကြောင်းမလှစွာပဲ အများစုဟာ စစ်မှန်တဲ့ ယုံကြည်သူတွေ မဟုတ်ကြပါ။ စစ်မှန်တဲ့ ခရစ်ယာန်ယုံကြည်ခြင်းကို အသင်းတော်အဆောက်အဉီး သို့မဟုတ် ခရစ်ယာန်ကျောင်းတွေတိုင်းမှာ တွေ့ရတယ်လို့ ကျေးဇူးပြု၍ မထင်လိုက်ပါနဲ့။ အသင်းသူ အသင်းသား သို့မဟုတ် ကားတိုင်ပုံ ဆွဲကြိုးဝတ်ဆင်ထားသူအားလုံးဟာ ယေရှုခရစ်တော်ရဲ့ စစ်မှန်သော နောက်လိုက်တပည့်တော် ဖြစ်တယ်လို့ ထင်မြင်ယူဆလိုက်ရင် ကျွန်ုပ်တို့ စိတ်ပျက်၊စိတ်ဓာတ်ကျသွားနိုင်ပါသည်။ သခင်ယေရှုက ဘယ်သူလဲဆိုတာနှင့် သူ့ကိုယုံကြည်ခြင်းရဲ့ အဓိပ္ပာယ်ကို သမ္မာကျမ်းစာက ဖော်ပြပေးထားပါသည်။  ခရစ်ယာန်ဘာသာရဲ့ အစစ်အမှန်ကို သိချင်ပါက ထိုသမ္မာကျမ်းစာအုပ်ကို ဖတ်သင့်ပါသည်။ စစ်မှန်သောယုံကြည်သူများသည် သခင်ယေရှု၏ သွန်သင်ချက်များကို ယုံကြည်ရုံသာမက လိုက်နာကျင့်သုံးကြပါသည်။ သူတို့၏ကျရှုံးမှုများအတွက် ချေပမည့်အစား ဝန်ခံကြပါသည်။ စစ်မှန်သော ခရစ်ယာန်များသည် လူများအားချစ်တတ်ကြသောကြောင့် သင့်ကိုလည်းချစ်ပါလိမ့်မည်။

Faith more worth than gold.jpg

ဘာကြောင့်လဲဘုရားသခင်တစ်ပါးတည်းလား။

ဘုရားသခင်ကတစ်ပါးတည်းရှိတယ်ဆိုတာကိုလူအချို့ကအလွယ်တကူလက်ခံပြီး၊ မည်သို့ပင်ဖြစ်စေ၊ စစ်မှန်သောခရစ်ယာန်ဖြစ်လိုသူများသည်အခြားဘုရားများအားလုံးကိုစွန့်ခွာရန်လိုသည်မှာမှန်ပါသည်၊ ၎င်းသည်ကောင်းသောရှင်းပြချက်ရှိသည်။

သင်ကလက်ထပ်ပြီးသောမိန်းမများကိုမေးပါက -“ မင်းကမင်းမှာမင်းကိုချစ်တဲ့မင်းသမီးတစ်ပါးတည်းသာမင်းမှာခင်ပွန်းတစ် ဦး တည်းသာရှိရင်မင်းအတွက်အဆင်ပြေမှာလား။ » အနည်းငယ်ကသာဟုတ်ကဲ့ဟုပြောလိမ့်မည်။ အိမ်ထောင်ရေးချစ်ခြင်းမေတ္တာကို ဒီလူမှတပါး မှတစ်ပါးအခြားမည်သူ့ကိုမျှမပြောပြပါ။

ဒီခေတ်ရဲ့ယှဉ်ပြိုင်နိုင်တဲ့နတ်ဘုရားတွေကဘာတွေလဲ။ ဤတွင်အချို့ရှိပါသည်။ ငွေ။ ဆန္ဒ။ မာန တစ် ဦး ချင်း။ အာရုံစူးစိုက်။

ယေရှုခရစ်သည်ချစ်မြတ်နိုး။ အလွန်ပုဂ္ဂိုလ်ရေးဘုရားသခင်ဖြစ်သည်။ သူ့ကိုချစ်ခင်မြတ်နိုးသည့်သတို့သားအဖြစ်ဖော်ပြထားသည်။ သခင်ယေရှုသည်သူမအတွက်တစ် ဦး တည်းသောအဖိုးအခကိုပေးခဲ့သည်။ သူ့ကိုတစ်ဆူတည်းသောဘုရားသခင်အဖြစ်လက်ခံသောသူသည်ဘုရားသခင်ချစ်မြတ်နိုးသောဘုရားသခင်၏သတို့သမီးဖြစ်လာသည်။

wedding-couple-sitting-on-green-grass-in

ကျဉ်းသောလမ်း

မင်းမသိတဲ့လမ်းဆုံလမ်းခွသို့ရောက်ပြီဆိုပါစို့။ အခြားနည်းလမ်း ၂ ခုရှိသည် - တစ်ခုမှာကျဉ်းမြောင်း။ အကွေ့အကောက်များသောလမ်းဖြစ်ပြီးကုန်းမြင့်မြင့်မားနေပုံရသည်၊ ဘာပဲဖြစ်ဖြစ်ကျဉ်းမြောင်းတဲ့လမ်းကိုလျှောက်ဖို့မင်းကိုဘာလုပ်နိုင်သလဲ။ အတိအကျ - အကယ်၍ သင်ဤလမ်းသည်သင်လိုချင်သောနေရာကို

ဦးတည်သွားသည်ကိုသိလျှင်၊

ခရစ်ယာန်ယုံကြည်ခြင်းကိုရွှေနဲ့နှိုင်းယှဉ်ခဲ့တယ်။ ရွှေသည်စျေးမကြီးသော်လည်း၎င်းသည်၎င်း၏စျေးနှုန်းနှင့်ထိုက်တန်သည်။ ယေရှုခရစ်နောက်သို့လိုက်ခြင်းသည်အလွယ်ကူဆုံးဘဝမဟုတ်ပါ။ ပေးဆပ်ရန်စျေးနှုန်းအမှန်ပင်ရှိပါသည်။ ယေရှုကရှင်းရှင်းလင်းလင်းဤသို့ပြောခဲ့သည် -“ ကျဉ်းသောတံခါးကိုဝင်ကြလော့။ ပျက်စီးခြင်းသို့ရောက်သောလမ်းနှင့်တံခါးသည်ကျယ်ဝန်းသည် ဖြစ်၍ ဝင်သောသူတို့သည်များကြ၏။ အသက်ရှင်ခြင်းသို့ရောက်သောလမ်းနှင့်တံခါးသည်အလွန်ကျဉ်းမြောင်းသည် ဖြစ်၍၊ တွေ့ဝင်သောသူတို့သည်နည်းကြ၏။ ” (မဿဲ ၇း ၁၃-၁၄) သင်ထိုရွေးချယ်မှုအတွက်အဆင်သင့်ဖြစ်ပါသလား။

2-paths.jpg

ပျော်ရွှင်မှုအဆုံးသတ်

ငါတို့ဘယ်ကလာကြတာလဲ သခင်ယေရှုကကျွန်ုပ်တို့သည်သူ၏ပုံသဏ္ဌာန်တော်နှင့်အညီဘုရားသခင်ကဖန်ဆင်းခြင်းခံရသည်ဟုဆိုသည်။ ကျွန်ုပ်တို့အဘယ်ကြောင့်ဤနေရာတွင်ရောက်နေကြသနည်း သခင်ယေရှုကကျွန်ုပ်တို့သည်စစ်မှန်သောမေတ္တာနှင့်ဝမ်းမြောက်ခြင်း၌နေထိုင်ရန်ဤနေရာ၌ရှိနေသည်ဟုပြောကြားခဲ့သည်။ နှလုံးသားငြိမ်းချမ်းရေးနှင့်အတူဘဝ။ အမှန်တရား၊ လွတ်လပ်မှု၊ သစ္စာရှိမှုနှင့်ခွင့်လွှတ်မှုတို့ဖြင့်ဘဝ။ လက်ဝါးကပ်တိုင်ပေါ်တွင်ယေရှုပေးခဲ့သောအသွေးတော်အားဖြင့်ကျွန်ုပ်တို့သည်ဘုရားသခင်ရှေ့တော်မှောက်၌အပြစ်လွှတ်ခြင်းခံရနိုင်သည်။

ဘယ်သွားနေကြတာလဲ? ယေရှုက“ ငါသည်လမ်းခရီးဖြစ်၏။ အမှန်တရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုလျှင်အဘယ်သူမျှခမည်းတော်ထံသို့မရောက်ရ။ ” (ယော ၁၄း ၆) ဘာကိုဆိုလိုတာလဲ? ဆိုလိုသည်မှာကျွန်ုပ်တို့သည်ကောင်းကင်သို့ရောက်ရှိပြီးကျွန်ုပ်တို့သေသည့်အခါမေတ္တာရှင်ခမည်းတော်ဘုရားသခင်နှင့်အတူရှိလိုပါကကျွန်ုပ်တို့သည်ဤတွင်ရှိနေစဉ်ယေရှုကိုကျွန်ုပ်တို့၏အသက်တာကိုပေးရမည်ဖြစ်သည်။

လူတိုင်းတစ်နည်းနည်းနဲ့, ဒီရွေးချယ်မှုလုပ်။ တချို့ကဒါကိုဆိုင်းထားကြသည်။ တချို့ကရယ်မောကြတယ်။ တချို့ကစျေးနှုန်းအရမ်းမြင့်မားရှာပါ။ အချို့ကကျဉ်းမြောင်းသောလမ်းကိုရွေးချယ်ကြသည်။ ဤစာအုပ်သည်သင်ပြုလုပ်မည့်မျှော်လင့်ချက်ဖြင့်ရေးသားထားခြင်းဖြစ်သည်

ကောင်းသောရွေးချယ်မှု!

Happy Ending.jpg
bottom of page